မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု ချီးမြှင့်ခြင်း

ညီလာခံဖွင့်ပွဲအခမ်းအနား အစီအစဉ်အရ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သက်လွင်မှ နှုတ်ခွန်းဆက်စကားပြော ကြားပြီး၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု ရရှိခဲ့သူ ဆရာ ဆရာမ (၈) ဦးအား မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်နှင့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မြင့်ဆွေတို့မှ ဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။