ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေး တက္ကသိုလ်တို့ တွင် စာတမ်းများ ဖတ်ကြားဆွေးနွေးစဉ်

ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Online ဖြင့် တက်ရောက်ခဲ့ကြပြီး၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သုတေသီများ တက်ရောက်ခဲ့ကြ သည်။ ညီလာခံဖွင့်ပွဲ့သို့ Online ဖြင့် တက်ရောက်သူ (၁၃၀) ကျော်၊ Onsite ဖြင့် တက်ရောက်သူ (၁၂၀) ကျော် စုစုပေါင်း (၂၅၀) တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအပြီးတွင် ဘာသာရပ်ဌာန (၂၄) ခုမှ စာတမ်းပေါင်း (၂၄၃)စောင်ကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေး တက္ကသိုလ်တို့ တွင် ၁၉-၁၂-၂၀၂၂ မှ ၂၁-၁၂-၂၀၂၂ ထိ သုံးရက်ကြာ ဖတ်ကြားခဲ့ပါသည်။