ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၂) ကြိမ်မြောက် သုတေသနညီလာခံဖွင့်ပွဲ ကျင်းပခြင်း

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၂) ကြိမ်မြောက် သုတေသနညီလာခံကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်မှ (၂၁) ရက်နေ့အထိ ကျင်းပခဲ့ရာ ညီလာခံဖွင့်ပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန်က္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက အဖွင့်အမှာ စကားစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စု ဝန်ကြီးက တက္ကသိုလ်နှင့်ဒေသ၏ အလားအလာကို မူတည်၍ Center for Research and Innovation (CRI)များ ထူထောင်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသလူမှုစီးပွားဖွံဖြိုး တိုးတက်ရေးအတွက် နည်းပညာ လိုအပ်ချက်ကို တက္ကသိုလ်များက ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် သုတေသီ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ Carrer Development ကို တိုက်ရိုက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ သုတေသီများ၊ တာဝန်ရှိသူ ဆရာ ဆရာမများ ကလည်း Research Culture ပေါ်ထွန်းရေးကို ဝိုင်းဝန် အားပေးရန်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် သုတေသနလုပ်ငန်းများ အားကောင်းလာစေရန် အလေးအနက် လမ်းညွှန်မှာ ကြားပါသည်။ ထိုအပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက် နှင့်အညီ တိုင်းဒေသကြီး/ ပြည်နည်တစ်ခုစီတွင် ပါရဂူတန်းများ ဖွင့်လှစ်သည့် တက္ကသိုလ် အနည်းဆုံး တစ်ခု ရှိရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားပါသည်။