၁၉ ကြိမ်မြောက် အာရှသိပ္ပံကောင်စီ (SCA) ညီလာခံကျင်းပရေး ပထမအကြိမ် ဦးစီး ကော်မတီအစည်းအဝေးကို စိန်ရတုခန်းမ၊ ပထမထပ်၌၊ ၂၀၁၉ခုနှစ် ဇွန်လ ၂၈ရက်၊ သောကြာနေ့၊ နံနက် ၉ : ၃၀ နာရီ၌ကျင်းပ

၁၉ ကြိမ်မြောက် အာရှသိပ္ပံကောင်စီ (SCA) ညီလာခံကျင်းပရေး ပထမအကြိမ် ဦးစီး ကော်မတီအစည်းအဝေးကို စိန်ရတုခန်းမ၊ ဒုတိယထပ်၌၊ ၂၀၁၉ခုနှစ် ဇွန်လ ၂၈ရက်၊ သောကြာနေ့၊ နံနက် ၉ : ၃၀ နာရီ၌ စတင်ကျင်းပ၍ နေ့လည် ၁၁ : ၃၀ နာရီတွင် ပြီးစီးခဲ့ သည်။ အစည်းအဝေးကို ပြည်ထောင်စု ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများနှင့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များ တက်ရောက်ကြပါသည်။
ပြည်ထောင်စု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက (၁၉) ကြိမ်မြောက် အာရှ သိပ္ပံကောင်စီကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ခြင်းကို ဂုဏ်ယူပါကြောင်းနှင့် လိုအပ် သည်များကို ပံ့ပိုးကူညီသွားမည့်အကြောင်း မှာကြားသွားခဲ့ပါသည်။ တက်ရောက်လာသော ပညာရှင်များမှလည်း ဝိုင်းဝန်းဆွေးနွေး အကြံပေးခဲ့ကြပါသည်။ အစည်းအဝေးကို နေ့လည် ၁၁ : ၃၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။