မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ (၁/၂၀၁၉) ပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ


မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က ပညာရပ်ဆိုင်ရာ ဟောပြောကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နေ့လည် ၂ နာရီတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ နီလာရတု ခန်းမ၌ ကျင်းပြပြုလုပ်ခဲ့ပါသည်။
ဟောပြောပို့ချပေးခဲ့သော ပညာရှင်မှာ အငြိမ်းစား သံအမတ်ကြီး ဒေါက်တာ ဦးလှမောင်ဖြစ်ပြီး၊ ခေါင်းစဉ်မှာ လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် ကုန်သွယ်ရေး ပဋိပက္ခများ (Free Trade and Trade War) ဖြစ်သည်။
ဟောပြော ပို့ချရာတွင် အစီအစဉ် (၇) ရပ်နှင့် ကျင်းပခဲ့ပါသည်။ ဟောပြောပို့ချချက်များကို တက်ရောက်သူများက ဆွေးနွေးမေးမြန်းခဲ့ပြီး ဟောပြောပွဲမှာ ညနေ (၄) နာရီခန့်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။