ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့တို့မှ ကြီးမှူး ကျင်းပသည့် Research Methodology with Statistical Analysis သင်တန်းအပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ၂၉-၆-၂၀၂၆ ရက်နေ့တွင် မန္တလေးတက္ကသိုလ်၌ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက အဖွင့်မိန့်ခွန်းပြောကြား၍ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
မန္တလေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်နှင့် မန္တလေးပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ၊ ဆရာမ စုစုပေါင်း (၆၁) ဦး တက်ရောက်ခဲ့ကြပါသည်။
သင်တန်းကို ၂၉-၆-၂၀၂၆ ရက်နေ့မှ ၆-၇-၂၀၂၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ ၆-၇-၂၀၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်း၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုုပ် ဒေါက်တာနေဝင်းဦးတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို ပေးအပ်ခဲ့ပါသည်။







