ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင် အဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် Research Methodology with Statistical Analysis သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၅-၅-၂၀၂၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက အဖွင့်မိန့်ခွန်းပြောကြား၍ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းကို ၂၅-၅-၂၀၂၆ ရက်နေ့မှ ၁-၆-၂၀၂၆ ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ပြီး၊ ဒေါက်တာစိုးဝင်းနှင့် စာရင်းအင်းပညာဌာနမှ ဆရာ၊ ဆရာမများက စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်၍ ပို့ချသွားမည်ဖြစ်ပါသည်။







