ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ၂၄-၈-၂၀၂၆ ရက်နေ့မှ ၂၈-၈-၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Intensive Training on “Geospatial Technology: Remote Sensing & Geographic Information System” သင်တန်း ဖွင့်ပွဲအခမ်းအနား၊ သင်တန်းပို့ချနေမှုနှင့် သင်တန်းဆင်းပွဲအခမ်းအနား

1
2
3
4

ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် Intensive Training on “Geospatial Technology: Remote Sensing & Geographic Information System” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၄-၈-၂၀၂၆ ရက်နေ့တွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ကျင်းပရာ ရန်ကုန် ပညာရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားပါသည်။ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက တက်ရောက်အမှာစကားပြောကြား၍ အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဝင်းတင့်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပါသည်။

သင်တန်းကို ပထဝီဝင်၊ ပညာရေးသဘောတရားနှင့်ပညာရေးစီမံခန့်ခွဲမှု၊ သင်ရိုးညွှန်းတမ်းနှင့်သင်ပြနည်း၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် သမိုင်းဘာသာရပ်ဌာနများမှ စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ပါသည်။ ၂၄-၈-၂၀၂၆ ရက်နေ့မှ ၂၈-၈-၂၀၂၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ ၂၈-၈-၂၀၂၆ ရက်နေ့တွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဝင်းတင့်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်စား ဒုတိယ ပါမောက္ခချုပ် ဒေါက်တာညိုညိုလွင်တို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့ပါသည်။