မြန်မာကဗျာများမှ စကားတန်ဆာဆင်မှု လေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်အတွင်းရှိ မြန်မာကဗျာများမှ ပျို့၊ မော်ကွန်း၊ ရတုကဗျာတို့မှ စကားတန်ဆာဆင်မှုတို့ကို လေ့လာတင်ပြထားသည့် စာတမ်း ဖြစ်ပါသည်။ ဤစာတမ်းကို တင်သွင်းရာ၌ ဘူရိဒတ်လင်္ကာကြီး၊ ဘူရိဒတ် ဇာတ်ပေါင်းခန်းပျို့၊ မုဒုလက္ခဏပျို့၊ ပုံတောင်နိုင်မော်ကွန်း၊ ဝေရွှန်းစန္ဒာချီ ရတုတို့ကို အလေ့လာခံအဖြစ် သတ်မှတ်ပါသည်။ စကားတန်ဆာဆင်မှု၏ သဘောသဘာဝနှင့် စကားတန်ဆာဆင်ဖန်တီးဖွဲ့ဆိုပုံတို့ကို ဖော်ထုတ် တင်ပြ လိုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ ဤစာတမ်းတွင် အခန်း(၁) ကဗျာ ဟူသည်၊ အခန်း(၂) စကားတန်ဆာဆင်မှု၏သဘောသဘာဝ၊ အခန်း(၃) မြန်မာကဗျာများမှ စကားတန်ဆာဆင်မှု လေ့လာချက်ကို ဖော်ထုတ်တင်ပြ ထားပါသည်။ မြန်မာကဗျာများမှ စကားတန်ဆာဆင်မှု ဖန်တီးဖွဲ့ဆိုပုံများသည် မြန်မာကဗျာများ၏ တန်ဖိုးကိုမြင့်မားစေသော ဖန်တီးဖွဲ့ဆိုထားသော စာပေ အနုပညာတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကဗျာများမှ စကားတန်ဆာ ဆင်မှုကို လေ့လာသူတို့အတွက် အထောက်အကူပြုပြီး အကျိုးရှိစေနိုင်ပါသည်။
Collections
Download
Year
- 2019
Author
-
Ei Ei Mon
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)