မုန်း၍မဟူဝတ္ထုမှ ဇာတ်လမ်းနှင့်ဇာတ်ဆောင်ဆက်သွယ်မှု
Abstract
- ဤစာတမ်းတွင် ဂျာနယ်ကျော်မမလေး ရေးသားသော ]မုန်း၍မဟူ} ဝတ္ထုမှ ဇာတ်လမ်းနှင့် ဇာတ်ဆောင်ဆက်သွယ်မှုများကို တင်ပြထားပါသည်။ ]မုန်း၍မဟူ} ဝတ္ထုသည် ဂျာနယ်ကျော်မမလေး၏ ထူးခြားပြောင်မြောက်သော အနုပညာ လက်ရာ ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။ စာပေဗိမာန်ဆုရ ဝတ္ထု ဖြစ်သည်။ ]မုန်း၍မဟူ} ဝတ္ထုသည် ရသမြောက်သော ဝတ္ထုရှည်ကောင်းတစ်ပုဒ် ဖြစ်ရခြင်းမှာ ဇာတ်လမ်းကောင်းမွန်ရုံသာမက ဇာတ်ဆောင်စရိုက်အဖွဲ့များမှာလည်း ကောင်းမွန် သည့်အတွက်ဖြစ်ကြောင်းကို ဤစာတမ်း၌ တင်ပြသွားပါမည်။ အခန်း(၁)တွင် ]မုန်း၍မဟူ}ဝတ္ထုအပေါ်တွင် တိုင်းတစ်ပါးစာပေပညာရှင်တို့၏အမြင်၊ အခန်း(၂)တွင် ဇာတ်လမ်းနှင့် ဇာတ်ဆောင်ဆက်သွယ်မှုသဘောနှင့် အခန်း(၃)တွင် ]မုန်း၍မဟူ} ဝတ္ထု၌တွေ့ရသော ဇာတ်လမ်းနှင့် ဇာတ်ဆောင်ဆက်သွယ်မှုတို့ ပါဝင်ပါသည်။
Collections
Download
Year
- 2019
Author
-
Theint Theint Oo
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)