တိုက်စိုး၏ စာပေဝေဖန်ရေးဆောင်းပါးများအပေါ် လေ့လာချက်
Abstract
- ဤစာတမ်းသည် တိုက်စိုး၏ စာပေဝေဖန်ရေးဆောင်းပါးများအပေါ် လေ့လာချက် စာတမ်း ဖြစ်ပါသည်။ ဆရာတိုက်စိုးသည် စာပေဝေဖန်ရေးဆောင်းပါးများကို လေ့လာရာ၌ အသုံးပြုသည့် ဝေဖန်ရေးနည်းစနစ်များနှင့် အခြားစာရေးသူ များ၏ လက်ရာများအပေါ်တွင် ဝေဖန်သုံးသပ်ပုံတို့ကို လေ့လာတင်ပြထား ပါသည်။ တိုက်စိုး၏ စာပေဝေဖန်ရေးဆောင်းပါးများအပေါ် လေ့လာချက်ကို ဆွေးနွေးရာ၌ (၁) ဦးလတ် (၂) ပီမိုးနင်း၏စာပေအမြင် (၃) ဦးဖိုးကျား၏စာ စသည့် ဝေဖန်ရေးဆောင်းပါးများကို လေ့လာသုံးသပ် တင်ပြထားပါသည်။ တိုက်စိုးသည် အခြားစာရေးဆရာများ၏ စာပေများကို လေ့လာရာ၌ အတွင်း ဝေဖန်ရေးသက်သက်သာမက အပြင်ဝေဖန်ရေးကိုပါ ထည့်သွင်းစဉ်းစား၍ သုံးသပ်ထားပါသည်။ တိုက်စိုး၏စာပေဝေဖန်ရေးအမြင် နှစ်မျိုးလုံးကို ထုတ်နုတ် လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2019
Author
-
Thida Lwin
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)