နန်းတွင်းဇာတ်တော်ကြီးများ၏ ဇာတ်လမ်းဖန်တီးမှု
Abstract
- ဤစာတမ်းသည် နန်းတွင်းဇာတ်တော်ကြီးများ၏ ဇာတ်လမ်းဖန်တီးမှုကို လေ့လာ ထားသော စာတမ်းဖြစ်ပါသည်။ ထိုသို့ လေ့လာတင်ပြရာတွင် အခန်း(၁) နန်းတွင်းဇာတ်တော်ကြီးများ၏ အခြေခံလမ်းကြောင်း၊ အခန်း(၂)၌ နန်းတွင်း ဇာတ်တော်ကြီးများ၏ ဇာတ်လမ်းဖန်တီးမှု ဖြစ်ပါသည်။ ဇာတ်လမ်းဖန်တီးမှုကို လေ့လာတင်ပြရာ၌ စစ်ရေးနှင့်အချစ်ရေးကို ဆက်စပ်၍ ဇာတ်လမ်းဖန်တီးခြင်း၊ နန်းတွင်းသူ၊ နန်းတွင်းသားတို့အား ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက် သင့်သည် ဟူသောရည်ရွယ်ချက်ကို အခြေခံ၍ ဇာတ်လမ်းဆင်ခြင်း၊ တန်ခိုးရှင် ဇာတ်ဆောင်များကို ဗဟိုပြု၍ ဇာတ်လမ်းဖန်တီးခြင်း၊ ဒဏ္ဍာရီဆန်သော လောက နှင့် ဒိဋ္ဌလောကကို အခြေတည်၍ ဇာတ်လမ်းဖန်တီးခြင်း၊ နန်းတွင်းသူ၊ နန်းတွင်းသားတို့၏ ဘဝဓလေ့စွမ်းရည်ကို အခြေတည်၍ ဇာတ်လမ်းဖန်တီးခြင်း၊ ဇာတ်တက်ပိုင်းတွင် ဇာတ်လမ်းဖြစ်ရပ်များကို ပိုမိုရှုပ်ထွေးလာအောင် ဖန်တီးခြင်း ဟူ၍ ခွဲခြားလေ့လာ တင်ပြထားပါသည်။ နန်းတွင်းဇာတ်တော်ကြီးများသည် ဝတ္ထုဇာတ်လမ်း ဖန်တီးမှု အတတ်ပညာပိုင်း၌ အများအားဖြင့် တူညီပါသည်။ ဝတ္ထုပြဇာတ်တို့နှင့်မတူ ထူးခြားသည့် ဇာတ်လမ်းဖန်တီးမှု သဘောများကိုသာ ရွေးချယ်၍ ဆွေးနွေးတင်ပြထားပါသည်။
Collections
Download
Year
- 2019
Author
-
San San Wai
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)