ထိုင်း၊ မြန်မာ နှစ်ဘာသာ၏ စကားလုံးအသုံးပြုပုံ၊ ဝါကျတည်ဆောက်ပုံ တွေးခေါ်ယူဆချက်များကို အတ္ထဗေဒ၊ လက်တွေ့အတ္ထဗေဒ ရှုထောင့်မှ လေ့လာတင်ပြခြင်း

Thumbnail
Abstract
  • ဤစာတမ်းသည် ထိုင်းဘာသာနှင့် မြန်မာဘာသာအသုံးများတွင် ကြိယာ စကားလုံးများ အသုံးပြုရာ၌ အချို့နေရာများတွင် အတွေးအခေါ် အယူအဆ ကွဲလွဲချက်များ ရှိသကဲ့သို့ တူညီမှုများ ရှိနေကြောင်းလည်း တွေ့ရှိရပါသည်။ ယင်းကြိယာစကားလုံးအသုံးများအပြင် နာမ်စကားလုံး တည်ဆောက်ပုံများ သည်လည်း မြန်မာဘာသာစကားနှင့် ကွဲလွဲချက်များ၊ တူညီချက်များကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါသည်။ ဝါကျတည်ဆောက်ပုံအပိုင်းတွင်လည်း မြန်မာ ဘာသာ ဝါကျတည်ဆောက်ပုံနှင့် တူညီမှု မရှိကြောင်း တွေ့ရှိရသဖြင့် ထိုင်း၊ မြန်မာဘာသာ အသုံးများ၏ တူညီမှု ကွဲလွဲမှုများကို နှိုင်းယှဉ်လေ့လာတင်ပြ ထားပါသည်။ ဤသုတေသနကို ပြုစုရာတွင် ၂၀၁၅ ခုနှစ် မှ ၂၀၁၈ခုနှစ် အထိ ထိုင်းနိုင်ငံ မဟာစာရက်ခမ်တက္ကသိုလ် မြန်မာစာဌာန၌ ထိုင်းလူမျိုး တက္ကသိုလ် ကျောင်းသားများအား မြန်မာစာပေ သင်ကြားပို့ချခဲ့သည့် (၃)နှစ်တာကာလ အတွင်း လေ့လာတွေ့ရှိချက်များကို သုတေသနပြုလုပ် တင်ပြထားပါသည်။ ဤသုတေသနသည် ထိုင်းဘာသာ သင်ကြားနေသည့် မြန်မာလူမျိုးများနှင့် မြန်မာဘာသာ သင်ကြားနေသည့် ထိုင်းလူမျိုးများအတွက် အကျိုးရှိမည့် သုတေသနတစ်ခု ဖြစ်မည်ဟု ယူဆမိပါသည်။
Collections
Download
  • 26. Dr Khaing Cho Latt(565-587).pdf
Year
  • 2019
Author
  • Khaing Cho Latt
Subject
  • Myanmar (Language + Literature)
Publisher
  • Myanmar Academy of Arts and Science (MAAS)

Copyright © 2017-2018 Yangon University of Economics
Contact Us
Powered by KnowledgeArc
 

 

BROWSE

All of Research By Issue Date Authors Titles Subjects Keywords Volumes Cover and Contents

Copyright © 2018-2019 Myanmar Academy Of Acts & Science
Contact Us
Powered by Winner Computer Group