မြန်မာလူနာမည်ညွှန်းခေါ်ပုံနှင့်မြန်မာ့လူမှုဆက်ဆံရေး
Abstract
- ဤစာတမ်းသည် မြန်မာ့လူမှုဝန်းကျင်တွင်အသုံးပြုနေသော မြန်မာနာမည် ညွှန်းခေါ်စကားများကို တုံ့လှယ်လူမှုဘာသာဗေဒအမြင်ဖြင့် စိစစ်လေ့လာခြင်း ဖြစ်ပါသည်။ ညွှန်းခေါ်စကားဆိုသည်မှာ တုံ့လှယ်ပြောဆိုမှုများ၊ တွေ့ဆုံမှုများ၊ ပေးစာများတွင် တစ်စုံတစ်ဦးကို ရည်ညွှန်းခေါ်ဝေါ်ရန် အသုံးပြုသည့် စကားလုံးများ သို့မဟုတ် ပုဒ်စုများကို ခေါ်သည်။ ညွှန်းခေါ်စကားတစ်ရပ် ဖြစ်သော နာမည်ညွှန်းခေါ်ပုံကို နာမည်နေရာအထားအသိုနှင့် ဆက်ဆံရေး၊ နာမည်ရှေ့ဆက်ညွှန်းခေါ်ပုံနှင့် ဆက်ဆံရေး ဟူ၍ ကဏ္ဍနှစ်ခု ခွဲကာ လေ့လာ ပါသည်။ နာမည်ရှေ့ဆက်ညွှန်းခေါ်ပုံနှင့် ဆက်ဆံရေးကဏ္ဍတွင် အမျိုးသား နာမည် ညွှန်းခေါ်ပုံနှင့် ဆက်ဆံရေး၊ အမျိုးသမီးနာမည် ညွှန်းခေါ်ပုံနှင့် ဆက်ဆံရေး၊ ဆွေမျိုးစပ်ဝေါဟာရ နာမည်ညွှန်းခေါ်ပုံနှင့် ဆက်ဆံရေး၊ ဂုဏ်ပုဒ် နာမည် ညွှန်းခေါ်ပုံနှင့် ဆက်ဆံရေးဟူ၍ ကဏ္ဍများ ထပ်မံခွဲကာ လေ့လာ တင်ပြထားပါသည်။ ဤစာတမ်းကိုလေ့လာခြင်းဖြင့် မြန်မာနာမည် ညွှန်းခေါ် စကားများနှင့် မြန်မာ့လူမှုဝန်းကျင်၏ အပြန်အလှန်ဆက်နွယ်မှု၊ မြန်မာဘာသာ စကား၏ သွင်ပြင်လက္ခဏာနှင့် မြန်မာဘာသာစကား ဖန်တီးမှုဂုဏ်ရည်ကို ချင့်တွက်နိုင်မည်ဖြစ်သည်။
Collections
Year
- 2019
Author
-
Lwin Ni Ni Khaing
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)