ရာဇကုမာရ်ပျူကျောက်စာမှအက္ခရာပုံများလေ့လာချက်
Abstract
- ဤစာတမ်းကို ပျူစာသင်ကြားရေးနှင့် ပျူစာသုတေသနလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ ရေးသားပြုစုခဲ့ပါသည်။ ကမ္ပည်း ကျောက်စာပုံများကို သေချာစွာစိစစ်ဖတ်ရှုပြီး အခြားပျူစာများ၊ ရှေးအိန္ဒိယ အက္ခရာ အရေးသွင်ပြင်များနှင့် နှိုင်းယှဉ်စိစစ်မှုများ ပြုခဲ့ပါသည်။ ယခင် ရှိပြီးသော အက္ခရာဖလှယ်မှုများနှင့် ထပ်မံညှိနှိုင်း ဖတ်ရှု စိစစ်ထားပါသည်။ ထို့သို့ဆောင်ရွက်မှုများကြောင့် ယခင်လေ့လာဖော်ပြမှုများတွင်ရှိသော အားနည်းချက် များကို တွေ့ရှိခဲ့ပါသည်။ ပြင်ဆင်ဖွယ်များ၊ ဖြည့်စွက်မှတ်သားဖွယ်များ၊ ရေးထုံးဆိုင်ရာ ကြံဆချက်များ၊ ကွယ်လုလုနှောင်းကာလ ပျူစာအနေအထား၊ ခေတ်ပြိုင်စာပေ၊ ဘာသာစကားနှင့် အရေးအသား လွှမ်းမိုးပုံများကို ထုတ်ဖော် တင်ပြထားပါသည်။ ထို့ကြောင့် ပျူစာသင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ အတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်နိုင်သော သုတေသန ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Mg Mg Swe
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)