မြန်မာဘာသာစကားနှင့် ပြောဆိုပိုင်ခွင့်ဆိုင်ရာနှုန်းစံ
Abstract
- ဤစာတမ်းသည် မြန်မာဘာသာစကားနှင့် မြန်မာ့လူ့အဖွဲ့အစည်းကြား ပြောဆို ပိုင်ခွင့်အရ ဖြစ်ပေါ်လာသော နှုန်းစံအကြောင်းကို သိရှိစေရန် လေ့လာ တင်ပြထားသော စာတမ်း ဖြစ်ပါသည်။ ဤစာတမ်းတွင် လူမှုဘာသာဗေဒ နှုန်းစံ တို့ကို အခြေခံကာ စကားအသုံးအနှုန်းကဏ္ဍ၊ စကားအမျိုးအစားကဏ္ဍ၊ စကားပိုပြောခွင့်ရခြင်းကဏ္ဍတို့ကို လေ့လာတင်ပြထားပါသည်။ ယင်းကဏ္ဍ တို့သည် စကားပြောဆိုပိုင်ခွင့်ဆိုင်ရာနှုန်းစံကို သက်ရောက်မှုရှိသည့်အကြောင်းကို လေ့လာဖော်ထုတ်တင်ပြထားပါသည်။ ထိုသို့လေ့လာတင်ပြရာတွင် စကားဖြစ်ရပ် တစ်ခုအတွင်း ပြောသူ၊ နာသူတို့၏ အပြန်အလှန်ပြောစကားများကို အခြေခံ၍ လေ့လာသောနည်းကို အသုံးပြုတင်ပြထားပါသည်။ ဘာသာစကားကို ပြောဆို ရာတွင် သူ့နေရာနှင့်သူ ဆီလျော်အောင် သုံးတတ်ခြင်းဖြင့် လူမှုဆက်ဆံရေး နယ်ပယ်တွင် အဆင်ပြေချောမွေ့မှုကို ဖြစ်ပေါ်စေပါသည်။ ထို့ပြင် ဘာသာစကား နှင့် လူ့အဖွဲ့အစည်းကြားရှိ ဆက်စပ်မှုကို လေ့လာသည့် လူမှုဘာသာဗေဒ လေ့လာမှုကိုလည်း ဤစာတမ်းက အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Nan Hwan Aye
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)