တက္ကသိုလ်ဝင်းမွန်၏ ရသစာတမ်း ရေးဟန်
Abstract
- ဤစာတမ်းသည် ကံ့ကော်မြိုင်စာတမ်းစာအုပ်တွင် တက္ကသိုလ်ဝင်းမွန် ရေးသားခဲ့သော ]ဆားဒယ်} ရသစာတမ်းကို လေ့လာထားသော စာတမ်း ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သော စာပေတန်ဖိုး မြင့်မားလာစေရန်နှင့်အတူ ရသစာပေတစ်ရပ်ကို ကိုယ်တိုင် ဖန်တီးချင်စိတ် ဖြစ်ပေါ်လာစေရန် ရေးဟန်ပညာရှုထောင့်မှ သုတေသနပြုကာ စနစ်တကျ ဖော်ထုတ်ထားခြင်း ဖြစ်ပါသည်။ လေ့လာရာတွင်လည်း ဦးစွာ စာရေးသူ၏ အတ္ထုပ္ပတ္တိ၊ ရသစာပေ၏ သဘောသဘာဝ၊ ရေးဟန်ပညာတို့ကို မိတ်ဆက်မျှ တင်ပြထားပါသည်။ ထို့နောက် စာရေးသူ၏ရေးဟန်ကို လေ့လာရာတွင် စာပေ အသိ၊ စာသားအရှိပေါ် အခြေခံ၍ စကားအသုံးအနှုန်းဟန်၊ ဝါကျဖွဲ့ဟန်၊ စာပိုဒ်ဖွဲ့ဟန်၊ စာတစ်ပုဒ်လုံး၏ ထူးခြားသောဟန်များနှင့်အတူ ခြုံငုံသုံးသပ်ချက် ဟူ၍ ရေးဟန်ပေါ်လွင်စေရန် တစ်ဆင့်ပြီးတစ်ဆင့် တင်ပြထားပါသည်။ ဤသို့ လေ့လာခြင်းဖြင့် မြန်မာ့အမွေအနှစ် ထိန်းသိမ်းမှု၊ မြန်မာစာပေ ဖွံ့ဖြိုး တိုးတက်မှု၊ အကျိုးဖြစ်ထွန်းမှုတို့ကို ရည်ရွယ်ပါသည်။
Collections
Year
- 2019
Author
-
Phyu Phyu Nyein Thwe
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)