ကယားစာအရေးအသားစနစ်
Abstract
- ဤစာတမ်းသည် မြန်မာတိုင်းရင်းသားတစ်မျိုးဖြစ်သည့် ကယားလူမျိုးတို့၏ စာအရေးအသားစနစ်ကို အများသိရှိနိုင်စေရန် ဖော်ထုတ်တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် လေ့လာထားသော စာတမ်းဖြစ်ပါသည်။ လေ့လာရာတွင် အရေးရုပ်သွင်လေ့လာမှုခေါ် စာအရေးအသားစနစ်လေ့လာမှု သဘောတရား များကို အသုံးပြုပြီး အလေ့လာခံအဖြစ် ကယားစာအရေးအသားများကို ရွေးချယ်ထားပါသည်။ ယခင်က ကယားစာအရေးအသားသည် ရောမအက္ခရာကို အခြေခံသော အရေးအသားသာရှိခဲ့ပြီး ယခုအခါ အသစ်တီထွင်ထားသည့် ကိုယ်ပိုင်အက္ခရာကို အသုံးပြုရေးသားနေပြီ ဖြစ်သည်။ ဤစာတမ်းတွင် ကယားစာအရေးအသားစနစ်ရှိ အက္ခရာသင်္ကေတများကို ဗျည်းသင်္ကေတများ၊ သရသင်္ကေတများ၊ တက်ကျသံသင်္ကေတများ၊ ကိန်းဂဏန်းသင်္ကေတနှင့် အထွေထွေသင်္ကေတများ ဟူ၍ (၄)မျိုး ခွဲခြားတင်ပြထားသည်။ ထို့နောက် သင်္ကေတများကို တွဲစပ်ပြီး စာရေးသားပုံကို တင်ပြထားပါသည်။ ဤစာတမ်းပါ တင်ပြချက်များသည် တိုင်းရင်းသားစာပေပြန့်ပွားရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Yee Yee Cho
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)