မာန်အောင်(တောင်ပိုင်း)ဒေသိယစကားရှိ နောက်လိုက်ပစ္စည်းများ
Abstract
- ဤစာတမ်းသည် မာန်အောင်(တောင်ပိုင်း)ဒေသိယစကားရှိ နောက်လိုက်ပစ္စည်း များကို သိရှိရန် ရည်ရွယ်ပါသည်။ ဤကဲ့သို့ တင်ပြရာတွင် မာန်အောင်မြို့နယ် တောင်ပိုင်းတွင်ရှိသော ကျေးရွာများသို့ သွားရောက်၍ မေးမြန်းခဲ့သော စကားလုံးများကို ဘာသာစကားရှုထောင့်မှ လေ့လာတင်ပြထားသည့် စာတမ်း ဖြစ်ပါသည်။ ထိုသို့လေ့လာတင်ပြရာတွင် ရှေးဦးစွာ မာန်အောင်ဒေသိယစကား နှင့်ပတ်သက်၍ လေ့လာခဲ့ကြသူများ၊ ပြုစုရသော ရည်ရွယ်ချက်၊ လေ့လာမှု နယ်ပယ်နှင့် အမေးခံပုဂ္ဂိုလ်များ၊ အချက်အလက် ကောက်ယူစုဆောင်းခြင်း၊ ပြုစုပုံ၊ သုတေသနအစီအစဉ် ဟူ၍ လေ့လာတင်ပြထားပါသည်။ ထိုသို့ လေ့လာခြင်းဖြင့် မာန်အောင်(တောင်ပိုင်း)ဒေသတွင် ပြောဆိုသုံးနှုန်းနေကြသော နောက်လိုက်ပစ္စည်းများ၏ သဘောသဘာဝကို တွေ့မြင်နိုင်ပါသည်။
Collections
Download
Year
- 2019
Author
-
Ei Ei Mon
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)