တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံများ၏ အဓိပ္ပာယ်နှင့် ဝါကျဖွဲ့ပုံ
Abstract
- ဤစာတမ်းသည် မြန်မာစကားပုံစာအုပ်တွင် ပါဝင်သော တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံများ၏ အဓိပ္ပာယ်နှင့် ဝါကျဖွဲ့ပုံကို သိနိုင်ရန် ရည်ရွယ်ပါသည်။ အလေ့လာခံအဖြစ် မြန်မာစာအဖွဲ့မှ ထုတ်ဝေ ခဲ့သော ]မြန်မာစကားပုံ} စာအုပ်ကို အသုံးပြုပါသည်။ ယင်းစာအုပ်တွင် ပါဝင်သည့် တိရစ္ဆာန်အချင်းချင်း ခိုင်းနှိုင်းသော စကားပုံများ၏ ဝါကျဖွဲ့ပုံကို ဘာသာဗေဒပညာရပ်ရှုထောင့်မှ တင်ပြရာတွင် တိရစ္ဆာန်အချင်းချင်း ခိုင်းနှိုင်းသော စကားပုံများ၏ အဓိပ္ပာယ်၊ တိရစ္ဆာန်အချင်းချင်း ခိုင်းနှိုင်းသော စကားပုံများ၏ ဝါကျဖွဲ့ပုံ၊ ခြုံငုံသုံးသပ်ချက် ဟူ၍ ကဏ္ဍ(၃)ခု ပါဝင်မည် ဖြစ်၏။ ဤစာတမ်း၏ တင်ပြချက်များကြောင့် ]မြန်မာစကားပုံ}စာအုပ်တွင် ပါဝင်သော တိရစ္ဆာန်ကို တိရစ္ဆာန်ဖြင့် ခိုင်းနှိုင်းသော စကားပုံများ၏အဓိပ္ပာယ်သာမက ထိုစကားပုံ များသည် ဘာသာဗေဒရှုထောင့်အရ မည်သို့မည်ပုံ ဝါကျဖွဲ့ထားသည်ကို သိလာမည် ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Mg Mg Oo
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)