နေ့စဉ်သုံး မြန်မာနှုတ်ပြောစကားအတွင်းရှိ အနက်ချဲ့ထွင်အသုံးများ
Abstract
- ဘာသာစကားသည် လူသားတို့ တီထွင်သမျှ အရာအားလုံးတွင် အထူးခြားဆုံးနှင့် အသုံးအဝင်ဆုံး ဆက်သွယ်ရေးကိရိယာ တစ်ခု ဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကို အကြောင်းပြု၍ လူမှုနယ်ပယ်အတွင်း၌ အသုံးအနှုန်းသစ်များ ဖန်တီးသုံးစွဲလာသည့်အတွက် ဘာသာစကားအတွင်း၌ စကားလုံးသစ်များ နေ့စဉ် တိုးပွားလာရပါသည်။ ဘာသာစကားအတွင်း စကားလုံးသစ် တိုးပွားသည့် နည်းလမ်းများတွင် အတွင်ရှိပြီးသား စကားလုံးအဟောင်းကို အနက်အဓိပ္ပာယ် အသစ်ဖြင့် ချဲ့ထွင် အသုံးပြုခြင်းသည်လည်း နည်းလမ်း တစ်ခု ဖြစ်ပါသည်။ သို့ဖြစ်၍ ဤစာတမ်းတွင် နေ့စဉ်သုံး မြန်မာနှုတ်ပြောစကားအတွင်းရှိ အနက် ချဲ့ထွင်အသုံးများကို အသုံးပုံစံသာဓကများဖြင့် လေ့လာတင်ပြထားပါသည်။
Collections
Download
Year
- 2019
Author
-
Thet Yee Aye
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)