ကွန်ပျူတာသုံး မြန်မာစကားသံထွက်စနစ်တည်ဆောက်မှု လေ့လာချက
Abstract
- ဤစာတမ်းသည် ကွန်ပျူတာ မြန်မာစကားသံထွက်စနစ် တည်ဆောက်မှုကို လေလှှိုင်းသဒ္ဒဗေဒ နည်းစနစ်များဖြင့် ဘာသာဗေဒရှုထောင့်မှ လေ့လာတင်ပြ ထားသော စာတမ်းတစ်စောင် ဖြစ်ပါသည်။ မြန်မာ့စကားသံထွက်စနစ်ကို ကွန်ပျူတာနည်းပညာများဖြင့် ပေါင်းစပ်တည်ဆောက်ရာတွင် လိုအပ်သော အခြေခံ နည်းစနစ်များနှင့် လိုအပ်ချက်များကို လေ့လာတင်ပြထားပါသည်။ ကွန်ပျူတာစနစ်နှင့် အင်တာနက် ဒစ်ဂျစ်တယ် နည်းပညာစနစ်တွင် မြန်မာ စကားသံဖြင့် ဘာသာပြန်ခြင်း၊ အမိန့်ပေးခြင်း စနစ်များ ပေါ်ထွက်လာမှုကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဤစာတမ်းကို ပြုစုရခြင်း ဖြစ်ပါသည်။
Collections
Download
Year
- 2019
Author
-
Kyaw Wai Phyo
Subject
- Myanmar (Language + Literature)
Publisher
- Myanmar Academy of Arts and Science (MAAS)