ပုဂံခေတ်ထိုး အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်ကမ္ပည်းစာပေများ

Thumbnail
Abstract
  • မြန်မာနိုင်ငံ၏ အစောပိုင်း ကမ္ပည်းစာပေများကို လေ့လာလျှင် အိမ်နီးချင်းနိုင်ငံ များ၏ ကမ္ပည်းစာပေများကို ချန်ထား၍မရပါ။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ထွန်းကားခဲ့သော အက္ခရာများ၊ ဘာသာများ ဖြစ်သည့် ပါဠိ၊ သက္ကတနှင့် ဂုပ္ပတ၊ ကဒံဗ၊ ဗြာဟ္မီစသော အိန္ဒိယအက္ခရာများမှာ မြန်မာအက္ခရာ ပေါ်ပေါက် လာစေရန်သာမက မြန်မာအက္ခရာ၏ အဦးအစဟု ဆိုနိုင်သော မွန်အက္ခရာ၊ ပျူအက္ခရာ၊ ရက္ခဝဏ္ဏအက္ခရာများ ပေါ်ပေါက်လာစေရန် အတွက်လည်း အရေးကြီးသော ကဏ္ဍမှ ပါဝင်ပြီး အိန္ဒိယအက္ခရာများသည် ဖော်ပြပါ မွန်၊ ပျူ၊ ရခိုင်အက္ခရာများ၏ မိခင်အက္ခရာများ ဟုဆိုလည်း မမှားပါ။ အိန္ဒိယအက္ခရာ များသည် မြန်မာအက္ခရာ ပေါ်ပေါက်ရေးအတွက် အရေးကြီးသကဲ့သို့ မွန် အက္ခရာ နှင့် မွန်ဘာသာ၏ မြန်မာအက္ခရာနှင့် မြန်မာစာပေအပေါ် လွှမ်းမိုးမှု သည်လည်း အရေးပါ ပါသည်။ မြန်မာအက္ခရာသည် မွန်အက္ခရာကို အခြေခံ၍ တီထွင်ခဲ့သဖြင့် မွန်ကျောက်စာ အပါအဝင် မွန်ကမ္ပည်းစာပေများ၊ မွန်နှင့် ဆက်စပ်နေသည့် မွန်ခမာ ကမ္ပည်းစာပေများ၊ အလားတူ ပုဂံခေတ်ကာလ ရေးထိုးခဲ့သည့် တမိလ်ကျောက်စာ၊ ယိုးဒယားကျောက်စာ၊ ပျူ-တရုတ် ကျောက်စာတို့ကိုလည်း ဆက်စပ်လေ့လာရန် လိုသည့်အတွက် အိမ်နီးချင်းနိုင်ငံ များ၏ ဖော်ပြပါ ကမ္ပည်းစာပေများကို စုစည်းလေ့လာ တင်ပြသွားမည် ဖြစ်ပါသည်။
Collections
Download
  • 14. Mg Kyaw Oo Lwin.pdf
Year
  • 2018
Author
  • Kyaw Oo Lwin
Subject
  • Myanmar Language
Publisher
  • Myanmar Academy of Arts and Science (MAAS)

Copyright © 2017-2018 Yangon University of Economics
Contact Us
Powered by KnowledgeArc
 

 

BROWSE

All of Research By Issue Date Authors Titles Subjects Keywords Volumes Cover and Contents

Copyright © 2018-2019 Myanmar Academy Of Acts & Science
Contact Us
Powered by Winner Computer Group