ဇေယျ၏ ရသအမြင်ဖြင့် ခေတ်ပေါ်ကဗျာများကို လေ့လာခြင်း

Thumbnail
Abstract
  • အနုပညာသဘောတရားနယ်ပယ်တွင် ရသအမြင်သည်လည်း အရေးပါလျက်ရှိသည်။ ရသအမြင်ဖြင့် အနုပညာပစ္စည်းများ၏ဂုဏ်ရည်ကို ဖော်ထုတ်ခဲ့ကြသည်။ ရသအမြင်သည် ကမ္ဘာအရပ်ရပ်တွင် ပေါ်ထွန်းလာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပေါ်ထွန်းလာခဲ့သည်။ ကမ္ဘာ့ရသအမြင်ဖြင့် ကမ္ဘာ့ အနုပညာများ၏ဂုဏ်ရည်ကို ဖော်ထုတ်ခဲ့ကြသကဲ့သို့၊ မြန်မာ့ရသအမြင်ဖြင့်လည်း မြန်မာ့အနုပညာ များ၏ဂုဏ်ရည်ကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ မြန်မာ့ရသပညာရှင်များထဲတွင် ဆရာဇေယျလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဆရာဇေယျသည် မြန်မာ့အနုပညာရပ်ကို အခြေခံ၊ ကမ္ဘာ့အနုပညာဖြင့် ချိန်ထိုးကာ ရသနှုန်းစံကို ဖော်ထုတ်ခဲ့သည်။ ထိုအခါဇေယျရသအမြင်ဟူ၍ ပေါ်ထွက်ခဲ့သည်။ ဇေယျ ၏ရသအမြင်ဖြင့် ခေတ်ပေါ်ကဗျာများ၏ ဂုဏ်ရည်ကိုလေ့လာ အကဲဖြတ်ကြည့်လိုစိတ်ဖြင့် ဤစာတမ်း ကိုပြုစုခဲ့ပါသည်။ ဤစာတမ်းတွင် ရသပညာသဘော၊ ဇေယျ၏ရသအမြင် သဘောနှင့် ဇေယျ၏ ရသအမြင်ဖြင့် ခေတ်ပေါ်ကဗျာများကို လေ့လာခြင်းတို့ကို တင်ပြထားပါသည်။ အနုပညာသဘော တရားများ လေ့လာရာတွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါသည်။
Collections
Download
  • 26. Dr Aung San (375-390).pdf
Year
  • 2021
Author
  • Aung San
Subject
  • Myanmar (Literature)
Publisher
  • Myanmar Academy of Arts and Science (MAAS)

Copyright © 2017-2018 Yangon University of Economics
Contact Us
Powered by KnowledgeArc
 

 

BROWSE

All of Research By Issue Date Authors Titles Subjects Keywords Volumes Cover and Contents

Copyright © 2018-2019 Myanmar Academy Of Acts & Science
Contact Us
Powered by Winner Computer Group