ကြည့်ကန်ရှင်ကြီး၏ ရတုကဗျာ(၂)ပုဒ်မှ မိခင်မေတ္တာအဖွဲ့ လေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်၊ ရှေးကဗျာကဏ္ဍလာ ကုန်းဘောင် ခေတ်စာဆို ကြည့်ကန်ရှင်ကြီး၏ ရတုကဗျာ (၂)ပုဒ်မှ မိခင်မေတ္တာများ အဖွဲ့များကို စာပေရှုထောင့်မှ အကြောင်းအရာပိုင်း အရေးအဖွဲ့ပိုင်းအားဖြင့် လေ့လာ တင်ပြထားသော စာတမ်းဖြစ်ပါသည်။ ထိုသို့လေ့လာရာတွင် ကဗျာ့ သင်္ဂဟမေဒနီကျမ်းလာ ကြည့်ကန်ရှင်ကြီး၏ ရတုကဗျာ(၂)ပုဒ်ကို အလေ့လာခံ အဖြစ် သတ်မှတ် လေ့လာထားပါသည်။ ရတုစာပေ လေ့လာသည့် နည်းစနစ် အတိုင်း လေ့လာပါမည်။ ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သော ကြည့်ကန် ရှင်ကြီး၏ လောကီပညာ၊ ဗေဒင် ပညာ၊ ရာဇ ရေးရာ၊ လူမှုရေးရာတို့အပေါ် နှံ့စပ်သောအမြင်များ၊ မိခင် မေတ္တာအဖွဲ့ စကားအသုံး အနှုန်းများကို လေ့လာ ခြင်းအားဖြင့် ဂန္ထဝင်စာပေ လေ့လာ သူတို့အတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ပါသည်။
Collections
Download
Year
- 2018
Author
-
Aung Kyaw Moe
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)