ပြည်နဝဒေးနှင့် နတ်ရှင်နောင်တို့၏ မိုးတောရတုများမှ အချစ်၊ အလွမ်း၊ အတွေးစိတ်ကူးများ နှိုင်းယှဉ်လေ့လာချက်
Abstract
- ဤစာတမ်းသည် မြန်မာစာပေနယ်ပယ်ကဗျာကဏ္ဍရှိ နဝဒေး၏ မိုးတော ရတု (၁၉)ပုဒ်နှင့် နတ်ရှင်နောင်၏ မိုးတောရတု (၂၄)ပုဒ်တို့မှ မောင်မယ်တို့၏ အချစ်၊ အလွမ်းခံစားချက်နှင့် အတွေးစိတ်ကူး တို့ကို နှိုင်းယှဉ် လေ့လာတင်ပြ ထားသောစာတမ်း ဖြစ်ပါသည်။ နဝဒေးရတု ပေါင်းချုပ်နှင့် နတ်ရှင်နောင် စာဆိုရတုများကို အလေ့လာခံနယ်ပယ် အဖြစ်သတ်မှတ်ပါသည်။ ဂန္ထဝင်စာဆို ကြီးများဖြစ်သော ပြည်နဝဒေးနှင့် နတ်ရှင်နောင်တို့၏ မိုးတောရတုများမှ စာဆိုတို့ အချစ်၊ အလွမ်း၊ အတွေးစိတ်ကူးများ ကွန့်မြူးနိုင်ပုံ၊ ပြည်နဝဒေး ကြီး၏ အချစ်၊ အလွမ်း၊ အတွေးစိတ်ကူးများကို နတ်ရှင်နောင်က နည်းမှီး ဖွဲ့ဆိုထားပုံများ၊ အကြံတူနောက်လူကောင်းစမြဲ ဟူသည့်အတိုင်း နဝဒေးထက် နတ်ရှင်နောင်၏ အချစ်၊ အလွမ်း၊ အတွေးစိတ်ကူးများက ပိုမိုကောင်းမွန်ပုံ များကို ကဏ္ဍအလိုက် နှိုင်းယှဉ်တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားပြုစု ခြင်းဖြစ်ပါသည်။ ဤစာတမ်းသည် ဂန္ထဝင်စာပေနယ်ပယ်မှ ရတုကဗျာများကို စိတ်ဝင်စားလေ့လာ လိုသူများနှင့် မြန်မာစာအထူးပြု ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ရတုကဗျာ သင်ကြားရေးအတွက် အကျိုး ကျေးဇူးပြုနိုင်မည် ဖြစ်ပါသည်။
Collections
Download
Year
- 2018
Author
-
Dr Aye Aye Tun
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)