တင့်တယ်၏ဖြေလျော့ခွေဝတ္ထု ဇာတ်လမ်းဖန်တီးမှု အတတ်ပညာ
Abstract
- ဤစာတမ်းသည် မြန်မာစာပေလောကတွင် လွတ်လပ်ရေးခေတ်၌ နာမည် ကျော်ကြား လူကြိုက်များခဲ့သည့် စာရေးဆရာတင့်တယ်၏ ]ဖြေလျော့ခွေ} ဝတ္ထုမှ ဇာတ်လမ်း ဖန်တီးမှု အတတ်ပညာကို လေ့လာတင်ပြ ထားသောစာတမ်း ဖြစ်ပါသည်။ ထို စာတမ်းတွင် အခန်း(၁) တင့်တယ်၏ အတ္ထုပ္ပတ္တိ၊ အခန်း(၂) တင့်တယ်၏ ဝတ္ထုများအပေါ် ပညာရှင်တို့၏အမြင်၊ အခန်း(၃) ဖြေလျော့ခွေ ဝတ္ထု၏ ဇာတ်လမ်းဖန်တီးမှု အတတ်ပညာတို့ ဖြစ်ပါသည်။ ဖြေလျော့ခွေ ဝတ္ထု၏ ဇာတ်လမ်းဖန်တီးမှု အတတ်ပညာကို တင်ပြရာ၌ ဇာတ်လမ်းနှင့် ဆက်စပ်၍ ဇာတ်ဆောင်၊ ကာလဒေသနောက်ခံတို့က ဇာတ်လမ်းကို အထောက် အကူပြုပုံကို ထည့်သွင်းလေ့လာ တင်ပြသွားမည် ဖြစ်ပါသည်။
Collections
Download
Year
- 2018
Author
-
Kyi Kyi Myint
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)