ကရင်ရိုးရာလက်ဖက်ထုပ်ကမ်းခြင်းဓလေ့နှင့် အနက်ဆက်သွယ်မှုသဘော

Thumbnail
Abstract
  • ဤစာတမ်းသည် ကရင်တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံယဉ်ကျေးမှု အစဉ်အလာတစ်ရပ် ဖြစ်သော လက်ဖက်ထုပ်ကမ်းခြင်းဓလေ့နှင့် အနက်ဆက်သွယ်မှုသဘောကို အတ္ထဗေဒအမြင်ဖြင့် ဖော်ထုတ် တင်ပြထားသော စာတမ်းဖြစ်သည်။ ဤစာတမ်းတွင်အပိုင်း (၃)ပိုင်းခွဲ၍ တင်ပြထားသည်။ ပထမပိုင်း တွင်ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့် စာပေယဉ်ကျေးမှုများ ကိုတင်ပြ ထားသည်။ ဒုတိယပိုင်းတွင် အတ္ထဗေဒနှင့် အနက်အဓိပ္ပာယ်ဆိုင်ရာ သဘောတရားများကို ဖော်ပြ ထားသည်။ တတိယပိုင်းတွင် ကရင်ရိုးရာလက်ဖက်ထုပ် ကမ်းခြင်းဓလေ့နှင့် အနက်ဆက်သွယ်မှု သဘောကို ဆက်စပ်တင်ပြထားသည်။ ဤသို့လေ့လာ တင်ပြခြင်းဖြင့် ကရင်တိုင်းရင်းသားတို့သည် လည်းရှေးယခင်ကတည်းကပင် အနက်အဓိပ္ပာယ် အသုံးပြုမှုများရှိခဲ့ကြောင်းသိစေပြီး မိမိလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းလာစေရန် ရည်ရွယ်ပါသည်။
Collections
Download
  • 27. Dr Nan THuzar Thein Htoon(413-428).pdf
Year
  • 2020
Author
  • Nan THuzar Thein Htoon
Subject
  • Myanmar
Publisher
  • Myanmar Academy of Arts and Science (MAAS)

Copyright © 2017-2018 Yangon University of Economics
Contact Us
Powered by KnowledgeArc
 

 

BROWSE

All of Research By Issue Date Authors Titles Subjects Keywords Volumes Cover and Contents

Copyright © 2018-2019 Myanmar Academy Of Acts & Science
Contact Us
Powered by Winner Computer Group