နောက်လိုက်ပစ္စည်းနှင့်အဆက်အစပ်
Abstract
- မြန်မာဘာသာစကားတွင် ပြောသူ၏သဘောထားများ၊ ခံစားချက်များ၊ အလေးအနက် ပြုလိုမှုများကို ဖော်ပြနိုင်သော ပစ္စည်းများရှိသည်။ ထိုပစ္စည်းများကို နောက်လိုက်ပစ္စည်းများ ဟုခေါ်သည်။ နောက်လိုက်ပစ္စည်းများကို လေ့လာရာတွင် လက်တွေ့အတ္ထဗေဒရှုထောင့်မှ လေ့လာထားသည်။ နောက်လိုက်ပစ္စည်းများသည် အခြေအနေအဆက်အစပ်အမျိုးမျိုးတွင် သဘောထားအဓိပ္ပာယ် အမျိုးမျိုး ကို ဖော်ပြနိုင်သောပစ္စည်းများ ဖြစ်သည်။ လက်တွေ့အခြေအနေတစ်ရပ်တွင် ပြောသူပြောလိုသော သဘောထားများ၊ ခံစားချက်များကို နောက်လိုက်ပစ္စည်းက ဖော်ပြနိုင်သည်။ ထို့ပြင်နောက်လိုက် ပစ္စည်းစကားလုံးတစ်လုံးတည်းကပင် တစ်မျိုးမကသောအခြေအနေတွင် မတူသောသဘောထား၊ အဓိပ္ပာယ်များကို ဖော်ပြနိုင်ပုံကို လေ့လာထားသည်။
Collections
Year
- 2020
Author
-
Htet Htet Sein Win
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)