တိမ်မြုပ်နေသော ပုဂံဆရာတော်၏ပညာရေးဟောစာဖော်ထုတ်လေ့လာချက်
Abstract
- ဤစာတမ်းသည် ဇာတ်ကွက်ဇာတ်လမ်းနှင့်တကွ စာဆို၏ဦးတည်ချက်ကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ပေါ်လွင်အောင် ဟာသစွက်၍ ရေးဖွဲ့ထားသော ပုဂံဆရာတော်၏ ကျက်သရေ မင်္ဂလာ.. အစချီစာပေသင်ကြားရေး ပညာရေးသြဝါဒ ဟောစာကို ခေါချပ်ဝမ်းဘက်မှ ခေါချပ် ကျောဘက်ထိ၊ ကအစခံအဆုံးဓမ္မ သတ်ဖြတ် ထုံးပေမူ ကိုးကြောင်းရေးကြံဆစ်ပေမှ ဖော်ထုတ်လေ့လာ ထားချက်ဖြစ်ပါသည်။ ဟောစာသဘော သဘာဝနှင့်တိမ်မြှုပ်နေသော ဟောစာတစ်စောင်ကို ဖော်ထုတ် လေ့လာတင်ပြ ထားခြင်းဖြစ်ပါသည်။ ဟောစာပေမူကိုပခုက္ကူမြို့နယ် အနောက် ချောက်ကန် ရွာဦးကျောင်းတွင် တွေ့ရှိ၍ကူးယူခဲ့ခြင်း ဖြစ်ပါသည်။ ဤပေမူကို ပုံနှိပ်မူရှိ၊မရှိ လက်လှမ်းမှီသ၍ ရှာဖွေသည့်အခါ ပုံနှိပ်မူမရှိသေးကြောင်း တွေ့ခဲ့ရသဖြင့် တိမ်မြှုပ်နေသောစာပေအဖြစ် မှတ်တမ်း ပြုနိင်ပါသည်။ ပုဂံဆရာတော်၏ ရည်ရွယ်ချက်ကောင်းကောင်းနှင့် ရေးထားသော ဟောစာဖြစ်ပေ သည်။ ဆိုလိုချက်မှာ စာပေကိုသင်ကြရန် သြဝါဒပေးလိုသော ရည်ရွယ်ချက်ကို တွေ့နိုင်ပါသည်။ အရေးအဖွဲ့မှာလည်း ရှင်းလင်းထင်ရှားအောင် ရေးဖွဲ့ထားကြောင်း တွေ့ရပါသည်။
Collections
Download
Year
- 2020
Author
-
Win Than Oo
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)