ရသစာတမ်း၏ အတွေးအမြင်လေ့လာချက်

Thumbnail
Abstract
  • ရသစာတမ်း၏ အတွေးအမြင်စာတမ်းသည် ကံ့ကော်မြိုင်စာတမ်းနှင့် အခြားသောရသစာတမ်းမှ စာရေးသူများ၏ အတွေးအမြင်များကို သုတေသနပြုခြင်းဖြစ်ပါသည်။ ရသစာတမ်းတွင် စာရေးသူ၏ စိတ်နှလုံးကို ရိုက်ခတ်လာသော လောကအတွေ့အကြုံ၊ အသိအမြင်များ ထင်ဟပ်ပါဝင်သည့် အလျောက် ဖတ်ရှုသူပရိသတ်တို့အား နှစ်သက်မှုမှတစ်ဆင့် ဘဝအမြင်များကို တိုးတက်ရှင်သန်စေ ပါသည်။ ရသစာတမ်းများတွင် ထင်ဟပ်နေသောနိုင်ငံရေးကိုအခြေခံသော အတွေးအမြင်၊ လူမူရေးကို အခြေခံသောအတွေးအမြင်၊ စီးပွားရေးကိုအခြေခံသောအတွေးအမြင်၊ အတွေးအခေါ်ကို အခြေခံသော အတွေးအမြင်များကို ဖော်ထုတ်တင်ပြမည်ဖြစ်ပါသည်။ နိုင်ငံရေးကိုအခြေခံသော အတွေးအမြင် များကို နေဝင်မြင်သည်ဝရွှေပြည်၊ လူမှုရေးကိုအခြေခံသော အတွေးအမြင်ကို နွေဦးကျက်သရေ၊ စီးပွားရေးကို အခြေခံသောအတွေးအမြင်ကို မနက်စောစော၊ အတွေးအခေါ်ကို အခြေခံသော အတွေးအမြင်ကို စေတနာ(သို့မဟုတ်)ဝေဒနာစာတမ်းများဖြင့် သာဓကပြုလေ့လာတင်ပြလိုပါသည်။
Collections
Download
  • 31. Dr Hla Hla Aung (441-452).pdf
Year
  • 2020
Author
  • Hla Hla Aung
Subject
  • Myanmar
Publisher
  • Myanmar Academy of Arts and Science (MAAS)

Copyright © 2017-2018 Yangon University of Economics
Contact Us
Powered by KnowledgeArc
 

 

BROWSE

All of Research By Issue Date Authors Titles Subjects Keywords Volumes Cover and Contents

Copyright © 2018-2019 Myanmar Academy Of Acts & Science
Contact Us
Powered by Winner Computer Group