နန္ဒ၏ သံနှင့်သွေးဝတ္ထုရှည်မှ ဇာတ်ထွတ်ငယ်များ လေ့လာချက်

Thumbnail
Abstract
  • ဤစာတမ်းသည် နန္ဒ၏သံနှင့်သွေးဝတ္ထုမှဇာတ်ထွတ်ငယ်များကို စာပေရှုထောင့်မှ လေ့လာ ထားသော စာတမ်းဖြစ်ပါသည်။ ဝတ္ထုရှည်၏ဇာတ်လမ်းအင်္ဂါရပ်များတွင် စာဖတ်သူ၏စိတ်ကို အဖမ်းစားနိုင်ဆုံးအပိုင်းမှာ ဇာတ်ထွတ်ပိုင်းဖြစ်ပါသည်။ သို့သော် ဇာတ်တက်ပိုင်းတွင်လည်း စာဖတ်သူ၏စိတ်ကို လှုံ့ဆော်ပေးနိုင်သော ဇာတ်ထွတ်ငယ် လေးများရှိနေပါသည်။ ထို ဇာတ်ထွတ်ငယ်လေးများသည် ဝတ္ထု၏ဇာတ်လမ်းကို ပို၍အားကောင်းလာစေပြီး ဝတ္ထု၏ ဦးတည်ချက်ကို ပိုမိုထင်ရှားလာ စေကြောင်းသိရှိ စေလိုသည့်ရည်ရွယ်ချက်ဖြင့် ဤစာတမ်းကို လေ့လာတင်ပြထားပါသည်။ ဤစာတမ်းသည် နန္ဒ၏သံနှင့်သွေးဝတ္ထုရှည်ကို အလေ့လာခံအဖြစ် သတ်မှတ်၍ တင်ပြထားပါသည်။ စာရေးဆရာအသီးသီး၏ ဝတ္ထုရှည်သဘောတရား၊ ဝတ္ထုရှည် အတတ်ပညာများကို အခြေခံ၍လေ့လာ တင်ပြထားပါသည်။ ဤသုတေသနစာတမ်းသည် မြန်မာစာပေ သုတေသီများနှင့်ဝတ္ထုစာပေကို လေ့လာသူများအတွက် တစ်စုံတစ်ရာ အကျိုး ဖြစ်ထွန်းလိမ့်မည်ဟု မျှော်မှန်းပါသည်။
Collections
Download
  • 4. Dr Lay Lay Nwe (45-56).pdf
Year
  • 2020
Author
  • Lay Lay Nwe
Subject
  • Myanmar
Publisher
  • Myanmar Academy of Arts and Science (MAAS)

Copyright © 2017-2018 Yangon University of Economics
Contact Us
Powered by KnowledgeArc
 

 

BROWSE

All of Research By Issue Date Authors Titles Subjects Keywords Volumes Cover and Contents

Copyright © 2018-2019 Myanmar Academy Of Acts & Science
Contact Us
Powered by Winner Computer Group