ပုဂံခေတ်မှ ညောင်ရမ်းခေတ်အထိ အမိန့်တော်ပြန်တမ်းများလာ ဝေါဟာရများလေ့လာချက်
Abstract
- ဤစာတမ်းသည် ပုဂံခေတ်မှညောင်ရမ်းခေတ်အထိ အမိန့်တော်ပြန်တမ်းများလာ ဝေါဟာရများ လေ့လာချက်စာတမ်းဖြစ်ပါသည်။ အလေ့လာခံစာအုပ်များဖြစ်သည့် ဒေါက်တာသန်းထွန်း ရေးသား ထားသော မြန်မာမင်းအမိန့်တော်ပြန်တမ်း အတွဲ ၁ နှင့် ၂ အပြင် အမျိုးသားစာကြည့်တိုက်ရှိ ညောင်ရမ်းမင်းတရား အမိန့်တော်တမ်းကြီး၊ သာလွန်မင်းလက်ထက် အမိန့်တော်ပြန်တမ်း အတွဲ ၁ နှင့် ၂ တို့မှ အမိန့်တော်ပြန်တမ်းများ၏ ဝေါဟာရများကို ထုတ်နုတ်လေ့လာတင်ပြထားပါသည်။ ဝေါဟာရဟူသည် အခေါ်အဝေါ်၊ စကားလုံးများကို လေ့လာခြင်းဖြစ်ရာ အကြောင်းအရာအလိုက် အမျိုးအစားလေးမျိုးခွဲကာ စိစစ်လေ့လာသွားမည်ဖြစ်သည်။ ထိုသို့လေ့လာရာတွင် အမိန့်တော် ပြန်တမ်းလာ မည်သို့သုံးနှုန်းထားကြောင်းကို သက်ဆိုင်ရာအမိန့်တော်ပြန်တမ်းများ၊ အဘိဓာန်များ၊ ဝေါဟာရကျမ်းများ၊ ဝေါဟာရဆိုင်ရာဆောင်းပါးများ၊ စာတမ်များမှထုတ်နုတ်ကာ အဓိပ္ပာယ်ဖွင့်ဆို ထားပါသည်။ ဤစာတမ်းပါ ဝေါဟာရများကိုလေ့လာခြင်းဖြင့် ရှေးမြန်မာမင်းတို့လက်ထက် မြန်မာ စာပေအဆင့်အတန်းမြင့်မားပုံကို သိရှိရုံသာမက မြန်မာဘာသာစကားနှင့် မြန်မာစာပေလေ့လာ လိုသူတို့ အတွက်လည်း အထောက်အပံ့ပြုနိုင်မည်ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Kyaw Thu Htet
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)