မြန်မာစာသင်ကြားရေးတွင် မေးခွန်းစွမ်းရည်အသုံးပြုမှု

Thumbnail
Abstract
  • မြန်မာစာသင်ကြားရေးတွင် မေးခွန်းစွမ်းရည်အသုံးပြုမှုသုတေသနစာတမ်းသည် မြန်မာစာသင်ကြား မှုတွင် ဆရာဆရာမများ၏ မေးခွန်းစွမ်းရည် အသုံးပြုမှုကို လူမှုဘာသာဗေဒရှုထောင့်မှ လေ့လာ ဖော်ထုတ်ထားခြင်း ဖြစ်ပါသည်။လူမှုဘာသာဗေဒနည်းဖြစ်သော စကားစဉ်စိစစ်မှုဖြင့် လေ့လာတင်ပြ ထားပါသည်။ မြန်မာစာသင်ကြားရေးတွင် အသုံးပြုမှုများသည့် မေးခွန်းစွမ်းရည်၊ အသုံးပြုမှု နည်းသည့် မေးခွန်းစွမ်းရည်များကို စကားစဉ်စိစစ်မှုဖြင့် ဖော်ထုတ်ပြလိုသော ရည်ရွယ်ချက်နှင့် ပြုစုထားခြင်းဖြစ်ပါသည်။ စာတမ်းကိုအခန်းနှစ်ခန်း ခွဲ၍တင်ပြထားပါသည်။ အခန်း(၁) သင်ကြားရေး နှင့် မေးခွန်းစွမ်းရည်အခန်းတွင်မေးခွန်းမေးခြင်း၊ သင်ကြားရေးမေးခွန်း စွမ်းရည်များ၊ သင်ကြားရေး တွင် မေးခွန်းစွမ်းရည်အရေးကြီးပုံ၊ မေးခွန်းဖြစ်စဉ်အတွင်းစကားစဉ် စိစစ်မှုအကြောင်းကိုတင်ပြ ထားပါသည်။ အခန်း(၂) မြန်မာစာသင်ကြားရေး မေးခွန်းစွမ်းရည်ကို စကားစဉ်စိစစ်မှုဖြင့် လေ့လာ ခြင်းတွင်စာသင်ခန်း အမေးဖြေမေးခွန်းများကို စကားစဉ်စိစစ်မှုဖြင့်လေ့လာ တင်ပြထားပါသည်။ စာတမ်းပါအချက် အလက်များသည် မြန်မာစာသင်ကြားပို့ချမှု မေးခွန်းစွမ်းရည်နှင့် စကားစဉ် လေ့လာမှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
Collections
Download
  • 14. Dr Lae Lae Mar (185-205).pdf
Year
  • 2020
Author
  • Lae Lae Mar
Subject
  • Myanmar
Publisher
  • Myanmar Academy of Arts and Science (MAAS)

Copyright © 2017-2018 Yangon University of Economics
Contact Us
Powered by KnowledgeArc
 

 

BROWSE

All of Research By Issue Date Authors Titles Subjects Keywords Volumes Cover and Contents

Copyright © 2018-2019 Myanmar Academy Of Acts & Science
Contact Us
Powered by Winner Computer Group