နောက်ခံဝန်းကျင်နှင့် အနုစိတ်ဖန်တီးမှု အတတ်ပညာ
Abstract
- ဤစာတမ်းသည် ဝတ္ထုစာပေမှ နောက်ခံဝန်းကျင်နှင့် အနုစိတ်ဖန်တီးမှု အတတ်ပညာကို ဆန်းစစ် တင်ပြခြင်း ဖြစ်ပါသည်။ ထိုသို့ဆန်းစစ်တင်ပြရာတွင် ခင်နှင်းယု၏ ]မြကြာဖြူ}၊ မြသန်းတင့်၏ ]ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်}၊ လင်းယုန်သစ်လွင်၏ ]သီတာသောင်ခြေဦး} အလေ့လာခံအဖြစ် သတ်မှတ်လေ့လာပါသည်။ နောက်ခံဝန်းကျင်နှင့် အနုစိတ်ဖန်တီးမှု အတတ်ပညာ ဆက်စပ်ကာ ပုံဖော်ထားသည်။ ယင်းဝတ္ထုသုံးပုဒ်မှ ကာလနောက်ခံနှင့် အနုစိတ်ဖန်တီးမှု၊ ဒေသ နောက်ခံနှင့် အနုစိတ်ဖန်တီးမှု၊ လူမှုနောက်ခံနှင့် အနုစိတ်ဖန်တီးမှုဟူ၍ ပိုင်းခြားလေ့လာ တင်ပြ ထားပါသည်။ ခင်နှင်းယု၊ မြသန်းတင့်၊ လင်းယုန်သစ်လွင်တို့၏ အနုစိတ်ဖန်တီးမှုနှင့်ပတ်သက်၍ တစ်စိတ်တစ်ပိုင်း သိမြင်နိုင်ပါသည်။ ဝတ္ထုဖန်တီးမှုအတတ်ပညာ လေ့လာလိုသူများအတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။
Collections
Download
Year
- 2020
Author
-
Win Min Than
Subject
- Myanmar
Publisher
- Myanmar Academy of Arts and Science (MAAS)