အလင်္ကာနယ်နိမိတ်အတွင်းရှိ စလေဦးပုညနှင့် ရှိတ်စပီးယား

Thumbnail
Abstract
  • သုဗောဓာလင်္ကာရကို အခြေခံသော မြန်မာအလင်္ကာကျမ်းများလာ အလင်္ကာသဘောတရားများနှင့် Rhနအသမငခal Dနလငခနျ အင်္ဂလိပ်အလင်္ကာ နည်းနာများကို နှိုင်းယှဉ်လေ့လာသောအခါ အလင်္ကာ၏ သဘောတရားနယ်နိမိတ်များကို စိစစ်နိုင်ခဲ့ပါသည်။ တစ်စုံတစ်ခုသော စာပေအဖွဲ့ကို အလင်္ကာဟု သတ်မှတ်လျှင် စကားကို ပြေပြစ်မှုဖြစ် ရန်သော်လည်းကောင်း၊ အနက်ကိုဆန်းကြယ်မှုဖြစ်ရန် သော် လည်းကောင်း ဖန်တီးထားသည့်တန်ဆာဆင်မှုသဘောပါရသည်။ မြန်မာအလင်္ကာ ကျမ်းများနှင့် အင်္ဂလိပ်အလင်္ကာနည်းနာများကို ဆက်စပ်နှိုင်းယှဉ်လေ့လာသောအခါ ရသနှစ်သက်ခြင်းကို ပေးနိုင် သည့် အလင်္ကာမှန်လျှင် နှိုင်းယှဉ်တင်စားမှုဖြစ်ခြင်း၊ အစစ်အမှန်လောကတွင်မရှိရခြင်း၊ ရွှေ့ပြောင်း သုံးခြင်းဖြင့် အခိုက်အတန့်သဘောဆောင်ခြင်း၊ ထင်ရှားပေါ်လွင်မှုရှိခြင်းဟူသော အခြေခံ သဘောတရားဘောင်များ အတွင်း၌သာရှိပေသည်။ ဤစာတမ်းတွင် စလေဦးပုညနှင့် ရှိတ်စပီးယားတို့ ဖန်တီးထားသော အလင်္ကာများသည် ထိုသဘောတရား နယ်နိမိတ်တို့အတွင်း၌ရှိပြီး၊ ရသ နှစ်သက်ခြင်းကို ပေးနိုင်ကြောင်း နှိုင်းယှဉ်လေ့လာတင်ပြထားသည်။
Collections
Download
  • 1. Dr Chaw Su Mar Win (1-14).pdf
Year
  • 2020
Author
  • Chaw Su Mar Win
Subject
  • Myanmar
Publisher
  • Myanmar Academy of Arts and Science (MAAS)

Copyright © 2017-2018 Yangon University of Economics
Contact Us
Powered by KnowledgeArc
 

 

BROWSE

All of Research By Issue Date Authors Titles Subjects Keywords Volumes Cover and Contents

Copyright © 2018-2019 Myanmar Academy Of Acts & Science
Contact Us
Powered by Winner Computer Group