ပညာရေးဝန်ကြီးဌာန၊ (၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို (၉-၃-၂၀၂၅) ရက်နေ့မှ (၁၁-၃-၂၀၂၅) ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖွင့်ပွဲကျင်းပခြင်း …

ပညာရေးဝန်ကြီးဌာန၊ (၂၄) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို (၉-၃-၂၀၂၅) ရက်နေ့မှ (၁၁-၃-၂၀၂၅) ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖွင့်ပွဲကျင်းပခြင်း၊ Parallel Sessions များဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန် ပညာရေးတက္ကသိုလ်တို့တွင် စာတမ်း စုစုပေါင်း (၃၇၂) စောင်ဖတ်ကြားခြင်း၊ ပိုစတာ (၃၇) စောင်ကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ တင်ပြခဲ့ခြင်း၊ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆု (Academy Award) (၁၁) ဆုကိုချီးမြှင့်ခြင်း၊ အကောင်းဆုံးသုတေသန စာတမ်းဆု (၆၃) ဆုကို ချီးမြှင့်ခြင်းနှင့် ဘာသာရပ်အလိုက် အကောင်းဆုံး ပိုစတာဆု (၉) ဆုကို ချီးမြှင့်ခြင်းတို့ကိုညွှန်းသည့် Video Clip ကို  ပညာရှင်များ၊ စာတမ်းရှင်များ ကြည့်ရှုနိုင်ရန် မှတ်တမ်းအဖြစ် တင်ပြအပ်ပါသည်။

 

စမြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့

ပညာရေးဝန်ကြီးဌာန